Print

ဆီးချိုရောဂါသမားများတွင် မှန်မှန်ကန်ကန် စားတတ်ကြစေရန်

  27-Feb-2017
Preview Image

 

ဆီးချိုသွေးချိုရောဂါ ဝေဒနာရှင်များအနေဖြင့် အစာအာဟာရကို မှန်မှန်ကန်ကန် စားသုံးမှသာလျှင် သွေးချိုဓာတ်လွန်ကဲမှုကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။ အကြောက် လွန်ကဲ၍ အစားအသောက် ရှောင်လွန်းလျှင်ဖြစ်စေ၊ ဆီးချိုသွေးချိုရောဂါနှင့် ၎င်း၏ နောက်ဆက်တွဲ ရောဂါများကို မသိ၍ဖြစ်စေ၊ မကြောက်၍ဖြစ်စေ၊ အစားအသောက်ကို မရှောင်ဘဲ၊ စားသုံးလွန်းလျှင်ဖြစ်စေ၊ သွေးချိုထိန်းသိမ်း ကုသမှုကောင်းမွန်နိုင်မည် မဟုတ်ဘဲ၊ ဆိုးကျိုးရလဒ်များသာ ဖြစ်ပေါ်လာနိုင်ကြောင်း သတိမူသင့်ပါသည်။

 

စားသုံးနိုင်သည့် အစာအာဟာရများကို ရဲတင်းစွာစားသုံးနိုင်သကဲ့သို့ မသင့်တော်သော အစာအာဟာရများကိုလည်း လုံးဝမစားသုံးကြရန် အထူးပင် လိုအပ်လှပါသည်။ မစားသုံးသင့်သည်များ စားသုံးပါက သွေးတွင်းသကြားဓာတ်များ လွန်ကဲများပြားနေမည် ဖြစ်သကဲ့သို့၊ စားနိုင်သည်ဆိုသော အစာများကို အလုံအလောက် မစားသုံးနိုင်လျှင်လည်း၊ သွေးတွင်းအချိုဓာတ်များ ကျဆင်းလွန်းကာ သတိမေ့မြောခြင်းမှ အသက်အန္တရာယ်ဆုံးရှုံးသည်အထိ ဖြစ်လာနိုင်ပါသည်။ သို့ပါ၍ စားသုံးရန် မသင့်လျော်သော အစာများကိုရော၊ စားသုံးနိုင်သော အစာများကိုပါ သိရှိထားဖို့ အထူးလိုအပ်ပါသည်။ 

 

Healthcare.com.mm
Ref:
ပါမောက္ခဦးတင့်ဆွေလတ်
(ဆီးချိုသွေးချိုရောဂါနှင့် အထွေထွေရောဂါကု ဆရာဝန်ကြီး)
ဆီးချိုသွေးချိုရောဂါ လက်တွေ့ကျကျ ကာကွယ်ကုသကြ စာအုပ်မှကောက်နှုတ်ထားပါသည်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18